ခရမ်းမြို့နယ်အတွင်းရှိ ရောင်းချနေသည့် မျှစ်များတွင် တာရှည်ခံဓာတုဆေးဝါးများ အသုံးပြုထားခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ခရမ်း မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် သန်လျင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် ခရမ်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ခရမ်းမြို့မဈေးအတွင်းရှိ စားသောက်ကုန်များ ရောင်းချနေသည့်ဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ မျှစ်အရောင်းဆိုင်များရှိ မျှစ်များတွင် တာရှည်ခံဓာတုဆေးဝါးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယမန်နေ့က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ အဆိုပါ တာရှည်ခံ ဓါတုဆေးဝါးများ အသုံးပြုထားသော မျှစ်များ မရောင်းချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသောက်ကုန်များ ရောင်းချနေသည့် မျှစ်အရောင်းဆိုင်များတွင် ရောင်းချနေသော မျှစ်များတွင် တာရှည်ခံ ဓါတုဆေးဝါးများ အသုံးပြုထားသော မျှစ်များအား ရောင်းချခြင်းမပြုရန်နှင့် အဆိုပါ တာရှည်ခံဓါတုဆေးဝါးများ၏ ဆိုးကျိုးများအကြောင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာ‌ပေးလုပ်ငန်းများ‌ ဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)