ပေါက်ခေါင်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-6 စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(အိုးဘိုကုန်း)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ အ.ထ.က(အိုးဘိုကုန်း)ကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားနှင့် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြူကြူခိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဗဟိုအဆင့်နည်းပြ ဂွမြောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြသီတာက သင်တန်းအတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူးဆရာကြီး ဦးမိုးဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)