ကွမ်းခြံကုန်း မေ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် သမဝါယမဦးစီးဌာနက ပြည်သူအတွက် အကျိုးပြုဆောင်ရွက်မှုတစ်ရပ်အနေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို မေ ၂၁ ရက်နေ့က မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းက အမှာစကား ပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမွန်က တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများက အသင်း (၁၂) သင်း၊ အသင်းသား (၂၃၀)ဦး၊ အတွက် မျိုးစပါးနှင့် သဘာဝမြေဩဇာ ပေးအပ်ခဲ့သည်။ အဆိုပါပေးအပ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး၊ ဌာနဆိုင်ရာများ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)