အုတ်တွင်းမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်

အုတ်တွင်း မေ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရက် (၁၀၀) စီမံချက်တွင် မိုးတွင်းကာလအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့ပေါ်စျေးရပ်ကွက်အတွင်းရှိ ရေနုတ်မြောင်းတူးဖော်ရေးလုပ်ငန်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရေနုတ်မြောင်းတူးဖော်ရေး လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်သီသီမောင်ဦး ဆောင်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း ရေမြောင်းများရှိနုန်းများ၊ အမှိုက်များနှင့် မြက်ပင်များကို ဆယ်ယူရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြေတူးခြင်း၊ မြေညှိခြင်းလုပ်ငန်းများ၊ မြောင်းဘောင်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်စည်ပင်သာယရေးအဖွဲ့ အမှုဆောင်အရာရှိထံမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)