ဇလွန်မြို့၌ (၂၀၂၆ - ၂၀၂၇) ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ဇလွန် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြိုနယ်တွင် (၂၀၂၆ -၂၀၂၇) ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။

အဆိုပါ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးအုန်းကျော်နှင့် ဆရာဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဇလွန်မြို့နယ်တွင် (၂၀၂၆ - ၂၀၂၇) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်အဖြစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ (KG) အတန်းမှ (Grade- 12)အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝေယံ - ဇလွန် (ပြန် /ဆက်)