မြန်အောင် မေ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်ကို အထောက်အကူဖြစ်စေမည့် RBF စီမံကိန်းကို မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သောတာဝန်ရှိသူများက ဆန်နီချောင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်ကို အထောက်အကူ ဖြစ်စေမည့် RBF စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)