မြောင်းမြတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သည့် ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းမှစ၍  ဝဲကလေးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်​ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူတို့ကအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကံသာကုန်းကျေးရွာအုပ်စု၊ ဗမော်သုံးခွ ကျေးရွာအုပ်စု၊ ထုံးဘိုဗျိုင်းဖြူ ကျေးရွာအုပ်စု၊ ဝဲကလေးကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု (၄) အုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)