မြောင်းမြ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အကြို ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး Dr.ဖြူဖြူဝင်းက တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သော ခွေးရူးရောဂါအကြောင်းကို Projector ဖြင့်ပြသကာ အသိပညာပေးပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Dr. မင်းကျော်သူအောင်က ခွေးရူးရောဂါဆိုင်ရာနှင့် အခြားအင်းဆက်များကြောင့် ဖြစ်ပွားနိုင်သောရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ခွေးရူးရောဂါဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဖြိုး (ပြန်/ဆက်)