အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

အောင်မြေသာစံ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊‌ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့၊ နေ့လယ် ၂ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၇၀) ၊ ၈၆လမ်း၊ ၁၃×၁၄ လမ်းကြားရှိ နှင်းဆီခြံ ကိုးခန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဌေး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဆန်းထွန်းလင်းက အမှာစကား ပြောကြားပြီး မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဌေးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းလွင် (မြို့နယ်လဝကဦးစီးမှူး) က ရွေးကောက်ပွဲမဲပေးပိုင်ခွင့်ရှိသူ အသက် (၁၈) နှစ်အထက် လူဦးရေးစာရင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်မှ မြေပြင်ကွင်းဆင်း ကောက်ယူထားသည့် လူဦးရေမဲစာရင်းများနှင့် လူဦးရေမဲစာရင်းကြေညာမည့်အခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များက သိရှိလိုသောအချက်အလက်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၊ ဖြေကြားပေးကြသည်။

အခမ်းအနားသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက် (၁၉) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်း‌ရေးမှူးများ ဖြစ်ကြ‌သော ရပ်ကွက်စာရေးများတက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)