ကြံခင်းမြို့ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါဆောင်များအား ကျန်းမာရေး၊ မီးဘေး၊ လျှပ်စစ်ကင်းရှင်းရေး ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ကြံခင်း စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအဆောင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနနှင့် မြို့နယ်စည်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေး၊ မီးဘေးနှင့်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နန်းမြတ်တော်ဝင် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းနှင့် ဘော်ဒါဆောင်များအား အဆိုပါပူးပေါင်းအဖွဲ့မှ အများသုံး သောက်ရေ၊ သုံးရေများ၊ မိလ္လာသုံးစွဲမှု၊ ရေဆိုးထုတ်မြောင်းများ စနစ်တကျထားရှိမှုများအားလည်းကောင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ စားဖိုဆောင်များတွင် မီးသုံးစွဲမှုများအားလည်းကောင်း၊ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များအား စစ်ဆေးခဲ့ကြပြီး အသိပညာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)