ကြံခင်း စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူးများကြီးကြပ်မှုဖြင့် သက်ဆိုင်ရာနယ်မြေ တာဝန်ကျသားဖွားဆရာမများ၊ သူနာပြုဆရာမများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့် အတန်းပိုင်ဆရာမများက အမည်စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြပြီး အသက် (၅)နှစ် KG ကျောင်းသား၊ ကျောင်းသူများအား DT ဆုံဆို့မေးခိုင် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်း၊ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူများကို HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို တစ်ပြိုင်တည်းထိုးနှံပေးလျက်ရှိရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၅ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ညနေပိုင်းအထိ အခြေခံပညာကျောင်း ၁၂၃ ကျောင်းတွင် (HPV) သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးအား ကျောင်းသူ ၅၁၉ ဦး ၊ DT ဆုံဆို့မေးခိုင်ကာကွယ်ဆေးထပ်ဆောင်း ကျောင်းသား၊ ကျောင်းသူ ၁၀၅၀ ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)