လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀) နာရီ၌ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်၀န်ထမ်းများက အဖွဲ့များခွဲကာ ရပ်ကွက်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် အသက် ၁၆ နှစ်နှင့် ၁၈ နှစ် ကြား၊ နိုင်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးမှကြီးကြပ်၍ ၀န်ထမ်းများ၊ တာ၀န်ရှိသူများ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်တို့မှပူးပေါင်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်းမူ