အောင်‌မြေသာစံမြို့နယ်တွင် မင်းတုန်းမင်းတရားကြီး ဆောက်လုပ်လှူဒါန်းထားသော ဒိုင်အိုစီဇင်ကျောင်းတော်ကြီး ဂုဏ်ပြုစာတမ်းဖတ်ပွဲ ကျင်းပ

အောင်‌မြေသာစံ စက်တင်ဘာ ၂၄

‌အောင်‌မြေသာစံမြို့နယ် ၂၂လမ်း×၈၆ လမ်း‌ထောင့်တွင် ဘဝရှင်မင်းတရားကြီး ဆောက်လုပ်လှူဒါန်းပြီး သီပေါမင်းသား ပညာသင်ယူခဲ့သော ဒိုင်အိုစီဒင်၊ သံတဲကျောင်းတော်ကြီး၏ သမိုင်းဂုဏ်ပြုစာတမ်းဖတ်ပွဲကို စက်တင်ဘာလ ၂၄ ရက်၊ နံနက် ကိုးနာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်၊ မြို့နယ်စာ‌ရေးဆရာအသင်းဥက္ကဋ္ဌ ဦးရွှေမော်နှင့်အလုပ်အမှု‌ဆောင်များ၊ အသင်းဝင်များ၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းနှင့် ဆရာမများ၊ ဒိုင်အိုစီဇင်ကျောင်းသား‌ဟောင်းများ စာ‌ပေဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒိုင်အိုစီဒင်ကျောင်းသားဟောင်း ဦးလှဘော်(မောင်လှဘာ်_မအူပင်) က မုဒိတာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း၊ အတွင်းရေးမှူး ဦးမြဝေ(မောင်မြဝေ_ယောမင်းကြီး) က စာတမ်းရှင်၏သမိုင်းအကျဉ်းကို ဖတ်ကြားသည်။

ထို့‌နောက် စာတမ်းရှင် ဦးဌေးကြွယ်က ဒိုင်အိုစီဇင်ကျောင်းတော်ကြီးဂုဏ်ပြုစာတမ်းကို ဖတ်ကြားရာ စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်)က စာတမ်းအပေါ် အကြံပြုဆွေးနွေးသည်။

ထို့‌နောက် စာတမ်းရှင် ဦးဌေးကြွယ် (အောင်ရတနာဌေး)နှင့် အမှတ်-၁၀ အခြေခံပညာအထက်တန်းကျောင်း၊ အကျိုးတော်ဆောင်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဇော် (မြင့်ဇော်_မျက်မှန်) တို့က Community centre အတွက် အလှူငွေကျပ် ငါးသောင်းစီ၊ မြို့နယ်စာ‌ရေးဆရာအသင်းအတွက် ငွေကျပ်ငါးသောင်းစီ ပေးအပ်လှူဒါန်းကြသည်။ ထို့‌နောက် စာပေမိတ်ဆွေများက စာတမ်းရှင်အား အမှတ်တရလက်ဆောင်များ ပေးအပ်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)