အောင်မြေသာစံမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များ လှူဒါန်းပွဲ ကျင်းပ

အောင်မြေသာစံ စက်တင်ဘာ၂၅

ပြည်သူများ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများတိုးပွားစေရေး၊ လူငယ်များ စာပေလေ့လာဖတ်ရူခြင်းဖြင့် အနာဂတ်လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ အလှူရှင်များက အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ကျင်းပသည်။

စာအုပ်များ ပေးအပ်လှူဒါန်းရာတွင် အလှူရှင်များဖြစ်သော စာရေးဆရာမ ဒေါ်တင်တင်ရွှေ (ပီအေတုတ်ကလေး)နှင့် စာရေးဆရာ အောင်တင်၀င်း (ငါ့သရောက်)တို့နှင့်အတူ စာရေးဆရာများက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာ နစာကြည့်တိုက်များသို့ သုတ/ ရသစာအုပ်များအား အလှူရှင်များကိုယ်စား ဦးအောင်စိုး၊ ညွှန်ကြား‌ရေးမှူး(ငြိမ်း) လူမှု၀န်ထမ်းဦးစီးဌာ‌နက‌‌ ပေးအပ်လှူဒါန်းရာ ဦးစီးအရာရှိ ဒေါ်စံပယ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)