ကျောက်ပန်းတောင်း စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ လူငယ်အသိပညာပေး ဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၂၅)ရက်နေ့ နံနက်(၁၀)နာရီက စံပြရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ရှေ့ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်က အားကစားဆိုင်ရာများ အသိပညာပေးဟောပြောပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြူက အားကစားနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် စံပြမူလတန်းလွန်ကျောင်းအတွက် အားကစားပစ္စည်းများကို မြို့နယ်အားကစားမှူးကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ယင်းနောက် နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းနှင့်အဖွဲ့က Physical Fitness Dance အကကို သရုပ်ပြသခဲ့ကြကြောင်း သိရပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အကစားမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ မများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)