တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

တံတား စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ HPV (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ကို (၁.၉.၂၀၁၅)မှစ၍ (၃၁.၈.၂၀၁၆) အတွင်း မွေးဖွားသော အသက်(၉)နှစ်မှ(၁၀)နှစ်အထိ ကျောင်းနေအရွယ် မိန်းကလေး  (၂၅)ဦးကိုလည်းကောင်း၊ ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၅) နှစ်ပြည့်ပြီး (၇)နှစ်မပြည့်သေးသော KG ကျောင်းသားကျောင်းသူ (၂၉) ယောက်ကိုလည်းကောင်း၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ဥမ္မာအေး ဦးဆောင်သည့်   ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ပြီး  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်တာဝန်ရှိသူများက  ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)