ကိုကိုးကျွန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ကိုကိုးကျွန်း စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ကိုကိုးကျွန်းမြို့နယ် ကိုကိုးကျွန်းလေတပ်စခန်းနှင့် အမှတ်(၂)ဗျူဟာရှိ တပ်မတော်သားများနှင့် မိသားစုဝင်မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကိုကိုးကျွန်းမြို့နယ် တပ်မတောလေတပ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးငြိမ်းဝေယံဟိန်းမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)၏ လုပ်ဆောင်ချက်(System Unit)များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင်မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော မဲဆန္ဒရှင်တစ်ဦးစီ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး တက်ရောက်သူ(၁၂၀)ဦး ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)