ကျောက်ဆည် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားဝတ်နေရေး အထောက်အကူဖြုစ်စေရန်အတွက် စားအုန်ဆီများကို ရပ်ကွက်၊ ကျေးရွာများဦးစီးဌာနများနှင့် စက်ရုံအလုပ်ရုံများတွင် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့က မဥ္ဇူခြံကျေးရွာပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ (၃၃၀) ပိဿာ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများရောင်းချရာ၌ ပြည်သူများဝယ်ယူရာတွင် လွယ်ကူရေး အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ် (၁) အုပ် ပြုလုပ်ပေးထားပြီး ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် တစ်ပိဿာ (၇၇၂၀) ကျပ်နှုန်းဖြင့် နေလသုခ-၂ စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။
သက်မောင်(ကျောက်ဆည်)