ရန်ကုန် စက်တင်ဘာ ၂၀
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်ကျေးရွာ ရှစ်မျက်နှာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဗိုလ်ချုပ်ကျေးရွာရှိမဲဆန္ဒရှင်ပြည်သူ (၂၀၀)ဦးတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်ပြီး လက်တွေ့စမ်းသပ်အသိပညာပေးခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် သန်လျင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြည်သူများအား လက်တွေ့မဲပေးပုံပြသနေမှုများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အခမ်းအနားသို့ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)