ကြည့်မြင်တိုင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကြည့်မြင်တိုင် စက်တင်ဘာ ၁၉

ရန်ကုန်တိုင်ဒေသကြီး အလုံခရိုင် ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ
 ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ကျောင်းစာအပြင် အသိပညာများ ရရှိစေရန်အတွက် စာဖတ်ကြစေလိုကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာမ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရှိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)