မြောင်းမြ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ကျက်သရေဆောင်သာသနာ့ဗိမာန်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းသိုက် ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးရာ၌ အမည်စာရင်းသွင်းခြင်း၊ သတ်မှတ်စုရပ်အလိုက် ကာကွယ်ဆေးထိုးပေးခြင်း၊ ဆေးထိုးပြီး မိနစ် (၃၀) အနားယူစေကာ ဆေးထိုးစုရပ်မှ ထွက်ခွာစေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက် (၁၈) နှစ်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး (pfizer) အား ဇွန်လ (၁၆) နေ့မှ (၁၈) ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် (၁၃၅၆) ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)