ဘိုကလေး ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဇွန်လ(၁၅)ရက်နေ့ ညနေ(၃)နာရီအချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
စကားဝိုင်းသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်၊ စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီး၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ များ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က နယ်စပ်ဒေသတိုင်းရင်းသား သင်တန်းသား/သူ လူငယ်မောင်မယ်များနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှုူ၊ လူငယ်နှင့်အတွေးအခေါ်၊ လူငယ်နှင့်အောင်မြင်မှု” စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာမှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်းတက်ရောက်ကြသော သင်တန်းသား/သူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းအပြီးတွင် အဆိုပါသင်တန်းကျောင်း၏ သင်တန်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ မှတ်သားအတူယူစရာများအား လမ်းညွှန်ကာ အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သင်တန်းသား/သူ လူငယ်များအားကဏ္ဍစုံ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ချိတ်ဆွဲခင်းကျင်းပြသခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)