ဖျာပုံ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ စာသင် ကျောင်းများ၊ စျေးများနှင့် ဌာနဆိုင်ရာရုံးများတွင် ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန်ရည်ရွယ်၍ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် လိုက်လံအသိပညာပေး သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ်အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်လိုက်လံ အသိပညာပေး သရုပ်ပြ ဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်နှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ စျေးများနှင့်ဌာနဆိုင်ရာရုံးများတွင် ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန်၊ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် လိုက်လံအသိပညာပေး သရုပ်ပြဆောင်ရွက်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)