ကျိုက်လတ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ပေးအပ်

ကျိုက်လတ် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပညာရေးဆိုတာဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသိပညာအလေ့အထများ ဓလေ့ထုံးတမ်းများ၊ လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ အသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စနစ်ကျသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ဝန်ထမ်းများ၏ သား၊ သမီးများအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ပညာသင်စရိတ်များ ထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း၊ ပညာရေးမှာထူးချွန် ထက်မြက်သည့် ပညာတတ်များဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး (၈၅) ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။  

ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ဖြစ်ကြသော တက္ကသိုလ်တက်ရောက်‌နေသည့်ဝန်ထမ်းသား၊ သမီး (၁၈) ဦးအား တစ်ဦးလျှင် ပညာသင်ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်၊ အထက်တန်းအဆင့်ကျောင်းသား၊‌ ကျောင်းသူ (၁၀) ဦးအား တစ်ဦးလျှင် ဗလာစာအုပ် (၁၀) အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်၊ အလယ်တန်းအဆင့်ကျောင်းသား၊‌ ကျောင်းသူ(၁၈) ဦးအား တစ်ဦးလျှင် ဗလာစာအုပ် (၆) အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ (၁၅၀၀၀) ကျပ်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၃၉) ဦးအား တစ်ဦးလျှင် ဗလာစာအုပ် (၃) အုပ်နှင့် ပညာသင်ထောက်ပံ့ငွေ (၁၀၀၀၀)ကျပ်တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေကျပ် (၁၄၀၀၀၀၀) နှင့် စာရေးကိရိယာပစ္စည်းတန်ဖိုးငွေကျပ် (၂၇၄၀၀၀)၊ စုစုပေါင်း (၁၆၇၄၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်