မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖိန်းဆိပ်ကျေးရွာ ကမ်းပါးပြိုကျမှုအား ကြည့်ရှုစစ်ဆေး၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး ဇွန် ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင့်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာဒေသရှိ ဧရာဝတီမြစ်‌ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျမှုအား ကြည်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် သဖန်းဆိပ်ကျေးရွာဒေသရှိ ဧရာဝတီမြစ်‌ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျမှုအား ကြည်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများ ထိခိုက်မှုမရှိစေရေး ကြိုတင်ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မရုံသို့ ရွှေ့ပြောင်းခဲ့ရသော ရေဘေးသင့်ပြည်သူ အိမ်ခြေ (၂၈)လုံး၊ အိမ်ထောင်စု (၂၈)စု၊ လူဦးရေ (၁၂၉)ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင်နှင့် တာ၀န်ရှိသူတို့က  ထောက်ပံ့ငွေများပေးအပ်ကာ အခြားလိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး သဖန်းဆိပ်ကျေးရွာ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာဆောင်များ လှူဒါန်းပေးအပ်ခဲ့သည်။

အဆိုပါ သဖိန်းဆိပ်ကျေးရွာကမ်းပြိုဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့မှုအဖြစ် ထောက်ပံ့ငွေ (၃၄၄၅၀၀ဝိ/)သိန်းနှင့် ရေးပုံး ၂၈ ပုံး၊ တိုင်းကြက်‌ခြေနီအဖွဲမှ တာပေါ်လင်၊ Hyginene Percel များကို အိမ်ထောင်စု (၂၈)စာအတွက်လည်းကောင်း၊ ကမ်းပြိုဘေးသင့် ကျောင်းသား/သူများအား ကျောင်း၀တ်စုံနှင့် ဗလာစာအုပ်များ၊ အားကစားပစ္စည်းများကိုလည်း‌ကောင်း ထောက်ပံ့ပေးအပ်ခဲ့‌ကြာင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာ၀န်ရှိသူများသည် မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု၊ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ရောက်ရှိပြီး သဖန်းဆိပ်ဒေသရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး၊ ဧရာဝတီမြစ်ရေမှ ရေကို ရေတင်ရေဖျန်းစနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးမြေများကိုလည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်သာ အကျိုးရှိရှိ အသုံးချဆောင်ရွက်ရေးမှာကြားပြီး ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက်ရောက်လာသော ဒေသခံတောင်သူများအားမြေဩဇာနှင့် မျိုးစေ့များ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ထုံပေါက်တော့ကျေးရွာရှိ တောင်သူ ဦးကြိုင်ထွန်း၏ အကွက်အမှတ်(၁၆၃၄_၂၉၂၄)၊ကွင်းအမှတ်(၃၅)ရှိ မိုးစပါး(ဆင်းရတနာ-၃) ဧက(၁၀) စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)