၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၁၀

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မန်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား()ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရွှေပြည်သာမြို့နယ် အသင်းနှင့် သန်လျင်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမျိုးသမီးအကောင်းဆုံးဆုရရှိသော သန်လျင်မြို့နယ် အသင်းမှ ကျောနံပါတ် () မသဲစုနိုင်နှင့် အမျိုးသားအကောင်းဆုံးဆုရရှိသော ရွှေပြည်သာမြို့နယ် အသင်းမှ ကျောနံပါတ်() မောင်ကောင်းဆုသာတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

ယင်းနောက် အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ကွမ်းခြံကုန်းမြို့နယ်အသင်း၊ အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေပြည်သာမြို့နယ်အသင်း၊ အမျိုးသား () ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော သန်လျင်မြို့နယ်အသင်းနှင့် အမျိုးသား()ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သာကေတမြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ကွမ်းခြံကုန်းမြို့နယ်အသင်း၊ အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သန်လျင်မြို့နယ်အသင်း၊ အမျိုးသား() ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ကိုကိုးကျွန်းမြို့နယ်အသင်းနှင့် အမျိုးသား()ယောက် တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေပြည်သာမြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

၎င်းနောက် အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော သန်လျင်မြို့နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးကလည်းကောင်း၊ အမျိုးသား()ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပြည်သာမြို့နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကလည်းကောင်း၊ အမျိုးသမီး()ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပြည်သာမြို့နယ်အသင်းနှင့် အမျိုးသား () ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော သန်လျင်မြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပထမတံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)