မြစ်သား ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က မြစ်သားမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေများ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်ပါပူးပေါင်းဆောင်ရွက်ရန်အခြေအနေများ၊ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ လုပ်ငန်းတာဝန်ကျေပွန်အောင်ဆောင်ရွက်ရမည် အခြေအနေများ၊ (၂၈-၃-၂ဝ၂၅) ရက်နေ့တွင် မန္တလေးငလျင်ဖြစ်ပွား မှုကြောင့်ပြိုကျပျက်စီးခဲ့သော လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့်အခြားအဆောက်အဦများ ပြန်လည်ဆောက်လုပ်ရာတွင် စည်ပင်သာယာရေးအဖွဲ့သို့ တင်ပြပြီးဆောက်လုပ်သွားရန် အခြေအနေများစသည့်တို့ကို ဆွေးနွေးပြောကြားခဲပြီး မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ယဉ်မွန်ဖိုးက ရွေးကောက်ပွဲမဲစာရင်းနှင့်ပတ်သက်သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်က Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ မန်နေဂျာ ဦးရန်နိုင်စိုးက လျှပ်စစ်မီးရရှိမှုအခြေအနေများအကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဌာနတာဝန်ခံများက မိမိတို့ဌာနများ၏ လုပ်ငန်းအခြေအနေများအား ဆွေးနွေးညှိနိူင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစိုးအောင်၊ မြစ်သားမြို့နယ် ပညာရေးမှူး ဒေါ်ပြုံးကြည်နှင့် ကျောင်းအုပ်ဆရာမကြီးများ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ယဉ်မွန်ဖိုး၊ မြို့နယ်လျပ်စစ်အင်ဂျင်နီယာရုံးမှ မန်နေဂျာ ဦးရန်နိုင်စိုး၊ မြစ်သားမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဒေါ်တင်နီလာခိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း (၅၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)