ဝါးခယ်မ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ဝါးခယ်မမြို့မစျေးအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဧည့်မထ ဆန်တစ်ပြည် ၂၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၃၅၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၄၅၀ ကျပ်၊ စားသုံးဆီငါးဆယ်ကျပ်သား ၃၅၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများ ဝယ်ယူအားပေးနေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အပါအဝင်တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ လောက်ငှစွာ ရောင်းချပေးနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
ဝါးခယ်မမြို့နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူရောင်းချရာတွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး၊ ပြည်သူများအနေဖြင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရေး၊ ပြည်သူများ၏စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးတို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)