မှော်ဘီမြို့နယ် သမဝါယမအသင်းများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးရိတ်သိမ်းမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မှော်ဘီ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသော နွေစပါးရိတ်သိမ်းမှုအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။  

မှော်ဘီမြို့နယ်တွင် သမဝါယမအသင်းစုမှရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာ စိမ်းလန်းစိုပြေညောင်ကုန်းမြေ သမဝါယမအသင်းတွင် အသင်းသား(၁၅)ဦး စိုက်ဧက(၁၅၀)ဧကမှ အသင်းသားတောင်သူ ဒေါ်အေးအေးပိုင်၏ ရက်(၉၀)စပါးကို ရိတ်သိမ်းရာခဲ့ တစ်ဧကလျှင် စပါးတင်း(၁၂၀) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေနွေအောင်နှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 ဝင်းဇော်( ဓာတ်ပုံ -၂)