မဟာအောင်မြေမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade 5 နှင့် Grade 9 ကျောင်းသား/ကျောင်းသူများ စာမေးပွဲဆက်လက်ဖြေဆိုလျက်ရှိ

မဟာအောင်မြေ မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade 5 နှင့် Grade 9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို Grade-5 ကျောင်းသား/ကျောင်းသူစာရင်းရှိ ၂၈၀၀ ဦး ဖြေဆို ၂၇၀၆ ဦး ပျက်ကွက် ၉၄ ဦးတို့သည် ယနေ့လူမှုရေးဘာသာရပ် နှစ်ဆုံးစာမေးပွဲအား အောင်မြင်စွာဖြေဆိုပြီးဆုံးခဲ့ကြောင်းနှင့်  Grade-9  ကျောင်းသား/ကျောင်းသူစာရင်းရှိ ၁၅၉၅ ဦး ဖြေဆို ၁၅၄၇ ဦး ပျက်ကွက် ၄၈ ဦးသည် သိပ္ပံဘာသာရပ်အား  သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပတ်ဝန်းကျင်၌ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများသည် စာမေးပွဲပြီးဆုံးရက်ထိ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)