အမရပူရ ဖေဖော်ဝါရီ ၂၁
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်မည့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်း အမှတ်အဖြစ် ရတနာပုံတက္ကသိုလ်ဗုဒ္ဓဘာသာ အသင်းကကြီးမှူး၍ ပါမာက္ခချုပ်အမှူးပြုသော သင်ကြား/စီမံမိသားစုများ စုပေါင်း၍ အမရပူရမြို့နယ်အတွင်း၌ သီတင်းသုံးတော်မူကြသည့် သံဃာတော် (၁၀၈) ပါးအား တတိယအကြိမ် ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ အမရပူရမြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက်နာယကဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့် တော်မူကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသက အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး ပါမောက္ခချုပ်အမှူးရှိသော အလှူရှင် ဧည့်ပရိသတ်များက ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ စေတနာရှင်အလှူရှင်များက သံဃာတော် အပါး ၁၀၈ပါးအား ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများကို စေတနာသဒ္ဒ္ဒါထက်သန်စွာဖြင့် စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)