ထန်းတပင်မြို့မစျေး၌ မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်

 

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ထန်းတပင်မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်းနှင့် အမြုပ်မီးသတ်ဆေးရည်ဖြင့်မီးငြှိမ်းသတ်ခြင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် စျေးသူစျေးသားကို လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများသာမက အများပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးတို့အတွက် အသိပညာပေးနှိုးဆော်မှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)