သာစည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၄)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ စက်ရုံအလုပ်ရုံများ၊ ဈေးဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သည့် မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/မရှိတို့ကိုစစ်ဆေးပြီး မီးဘေးလုံခြုံရေးအကြံပြုချက်များပေးခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုနည်းများ ပြသခြင်း၊ လူနေအိမ်များ၌ မီးချိတ် မီးကပ်၊ သဲ၊ ရေ၊ လှေကားများ ပြည့်စုံစွာထားရှိရေးနှင့် ချက်ပြုတ်ရာတွင် အသုံးပြုသည့် မီးဖိုမီး၊ လျှပ်စစ်မီးဖိုများနှင့် ဂတ်စ်မီးဖိုများကို ပေါ့ပေါ့ဆဆမသုံးဘဲ စနစ်တကျအသုံးပြုကြရန် တစ်အိမ်တက်ဆင်း စစ်ဆေးအသိပညာပေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်ရေကန်များ ရေရရှိရေးနှင့် အချိန်မရွေး လွယ်လင့်တကူ အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)