အ.လ.က-ခွဲ (၃) ရပ်ကွက်တွင် ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေး အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်

နမ့်စန်() ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက အမှတ် (၃) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တနှင့် လူငယ်နှင့်မျိုးချစ်စိတ် စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်း၍ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)