ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပင်လုံ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အိမြတ်နိုးသူက ပြိုင်ပွဲကျင်းပရ​​​ခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များ၊ အခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အစီအစဥ်(၂)ခုဖြင့် ကျင်းပမည်​ဖြစ်​ကြောင်း ရှင်းလင်းပြော​​ကြားပြီး​ ​​ ပထမပိုင်းအစီအစဥ်အရ ကျောင်းသား/ ကျောင်းသူလေးများက ပြိုင်ပွဲအား စတင်ဖြေဆိုခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဥ်အရ ဆုချီးမြှင့်ခြင်းအခမ်းအနားစတင်ခဲ့ပြီး ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးမှ ပထမဆုရကျောင်းသူလေးအား ဆုချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများအား အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီး ဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပူး​ပေါင်းကူညီပေးကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပင်လုံမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၄)ဦးမှ ပါဝင်ယှဥ်ပြိုင်ခဲ့​​ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)