မိုင်းခတ်မြို့နယ် အ‌ခြေခံပညာအလယ်တန်းကျောင်း (နောင်ဖူ) ၌ မီး‌ဘေးလုံခြုံရေး အသိပညာပေးကွင်းဆင်း

မိုင်းခတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှဦး‌ဆောင်၍ လူငယ်ရေးရာ လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မိုင်းခတ်မြို့နယ်၊‌ နောင်ဖူကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစိုင်းဇင်ကိုလတ်နှင့် ဒုမီးသတ်ဦးစီးမှူး‌ ဒေါ်နန္ဒာဝင်းတို့က ကျောင်းသား၊ ကျောင်းသူလူငယ်များ မီးဘေးအန္တရာယ်ကြုံ‌တွေ့လာပါက လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကျောင်းများတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများကို စနစ်တကျ ငြိမ်းသတ်ပြီးမှ အိပ်ကြရန် အသိပညာပေးပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျထားသိုမှု၊ ကိုင်တွယ်မှု အသုံးပြုပုံအားပြသပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)