ဒုတိယရှမ်းပုဂံဟုတင်စား‌‌သော ဘုရားစေတီပုထိုးများပေါကြွယ်လှသည့် မိုးနဲမြို့နယ်သို့ လာရောက်လည်ပတ်သူများပြား

မိုးနဲ ဒီဇင်ဘာ ၁၁

မိုးနဲမြို့နယ်သည် ဘုရားစေတီပုထိုးများပေါကြွယ်လှပြီး ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သော အလည်အပတ်နေရာ တစ်ခုဖြစ်ကြောင်းသိရသည်။

ပုရားစေတီပုထိုးများ ပေါကြွယ်လှသော မိုးနဲမြို့နယ်ရှိ ဆင်တောင်(လွိုင်စန့်)သို့ ယနေ့တွင်လည်း တောင်ကြီး-ရန်ကုန်-နေပြည်တော်ရှိ ကမ္ဘောဇ(KBZ)ဘဏ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ မိသားစုဝင်များစုပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ နာမည်ကြီး ဘုရားစေတီပုထိုးများကို သွားရောက်ဖူးမြော်လျက်ရှိကြောင်းသိရသည်။ မိုးနဲမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၇၉ ပေမြင့်မားသော မြို့လေးတစ်မြို့ဖြစ်ရာ ရှေးဟောင်းစေတီပုထိုးများ၊ မွမ်းမံစေတီပုထိုးများ၊ တန်ခိုးကြီးဘုရားများဖြင့် အေးချမ်းသည့်မြို့လေးတစ်မြို့ဖြစ်ပြီး ဒုတိယပုဂံဟုခေါ်ဆိုရသည်အထိ ဘုရားစေတီပုထိုးများ ပေါကြွယ်လှသောကြောင့် လာရောက်လည်ပတ်သင့်သည့် အထင်ကရနေရာတစ်ခုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဦးဇင်ကိုကို