မိုင်းဖြတ်မြို့နယ်၌ ​မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးကြီးကြပ်မှု ကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးကြီးကြပ်မှု​ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ​မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး​ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် အတွင်း​ရေးမှူး ​ဒေါ်​အေးဝင်းခိုင်က လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးရန်ပုံ​ငွေဖြင့် အ​ကောင်အထည်​ဖော်ဆောင်ရွက်လျက်ရှိသည့် နမ့်ယွန်း​ကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်​နေမှုနှင့် ပါ​လောင်းကျေးရွာတွင် စာကြည့်တိုက်ပြုပြင်​နေမှုအ​ခြေအ​နေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်​ရောက်လာကြသည့်ကော်မတီဝင်များက ပါ​လောင်း​ကျေးရွာရှိ ရှင်သန်ခြင်းစာကြည့်တိုက် ပြုပြင်​နေမှုအ​ခြေအ​နေများကို​ဆွေး​နွေးခဲ့ရာ လိုအပ်ချက်များကို ဆက်လက်အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရေးအတွက် ဥက္ကဋ္ဌ လမ်းညွှန်မှုများဖြင့် ပေါင်းစပ်ညှိနှိုင်းဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)