လွိုင်လင် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်အစိူရအဖွဲ့၏ ခွင့်ပြုငွေကျပ် သိန်း(၁၅၀)ဖြင့် ဆောက်လုပ်ပေးခဲ့သည့် လွိုင်လင်မြို့နယ်၊ လွိုင်မုံ့မိုင်းကျေးရွာ အနာရတ်ကြယ်ပွင့် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျေးရွာ စာကြည့်တိုက်အဆောက်အဦရှေ့တွင် ကျင်းပပါသည်။
ဦးစွာ အခမ်းအနားအစီအစဉ် ပထမပိုင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် ခွန်ကျော်လွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် စာကြည့်တိုက်အဆောက်အဦအတွင်း၌ ကျောင်းသား/သူများ၊ ဒေသခံများစာပေဖတ်ရှု့နေမှုများကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ယာယီမဏ္ဍပ်တွင်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်က စာကြည့်တိုက်အသစ်အားကျေးရွာစာကြည့်တိုက် ကြီးကြပ်မှုကော်မတီထံပေးအပ်ခြင်း၊ ငွေပင်လုံကုမ္ပဏီလီမိတက်မှ ကျေးရွာစာကြည့်တိုက်အတွက် TV နှင့် စလောင်းစက်များကိုပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးမှ လက်ခံရယူပါသည်။ ထို့နောက် လွိုင်မုံ့မိုင်းကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါ လွိုင်မုံ့မိုင်းကျေးရွာစာကြည့်တိုက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကျပ်သိန်း(၁၅၀)ဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး