တောင်သာ ဒီဇင်ဘာ ၁၁
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း ပညာမရှိသူ၏ ဝန်ထမ်း ပညာခေတ် အသက်အပိုင်အခြားအလိုက် ဖတ်သင့်ဖတ်ထိုက်သော စာအုပ်များ စာကြည့်တိုက်ကို အသုံးပြုကြစို့အကြောင်း စသည်များအား ဟောပြောပြီး မင်းစုအခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီ ဒေါ်တင်ဖြိုးဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၇၃)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)