ပဲခူး ဒီဇင်ဘာ ၁၁
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင်(၁)လမ်းတွင် ယနေ့ညနေ(၁၇:၁၅)နာရီအချိန်ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဥ်မှာ အိမ်ပိုင်ရှင် ဒေါ်မိုးမိုးဝင်း၊ ၄၇ နှစ်၊ (ဘ)ဦးစိုးပိုင်၊ ထန်းတပင်(၁)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့နေသူပိုင်ဆိုင်သည့် နှစ်ထပ်တိုက်အပေါ်ထပ် အနောက်ဘက်အိပ်ခန်းမှ ဝါယာကြိုးရှော့ဖြစ်ပြီး မွေ့ယာခင်းပေါ်သို့ မီးပွားကျကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ နန်းတော်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၇:၃၅)အချိန်တွင် မီးညွှန့်ကျိုးကာ(၁၈:၁၀)အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)