သာကေတ ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောခြင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူးဒေါ်မို့မို့သူက လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ အကြောင်းအရာများကို ဟောပြောခြင်း၊ ကျောင်းသား၊ကျောင်းသူများအား စာအုပ်၊ စာပေများ ဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့် စာအုပ်စာပေများကို ပြန်လည်မေးမြန်းခြင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကြည့်ရှုစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မို့မို့သူ (ပြန်/ဆက်)