လပွတ္တာ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ (၁)မိုင် ရှမ်းစုကျေးရွာရှိ တောင်သူဒေါ်စိမ်းတင် စိုက်ပျိုးထားသည့် YSR-1 စပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောစဲနေနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက တောင်သူ ဒေါ်စိမ်းတင်၏ ကွင်းအမှတ်( ၅၈၂) ရှမ်းစုမြောက်ကွင်း၊ ဦးပိုင်အမှတ် (၁၄/၁)၊ ဧရိယာ(၄.၇)ဧကအတွင်း စိုက်ပျိုးထားသည့် YSR-1 စပါးမျိုးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ရာ (၁)ဧက စပါးအစိုထွက် (၁၁၃.၄၈)တင်း၊ အခြောက်ထွက် (၁၀၉.၄၈)တင်း ထွက်ရှိခဲ့သည်။
လပွတ္တာမြို့နယ်အတွင်း မိုးစပါးစိုက်ဧက (၃၃၇၈၆၇) ဧက ရှိသည့်အနက် (၂၀၃၉၃၅) ဧက ရိတ်သိမ်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်