စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၁

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းအမှတ်၊ ၈၃၆/ ၁၇၀၀ ဦးပိုင်အမှတ် (၁၃၁)၊ အကွက်အမှတ် (၁၉၆) တောင်သူ ဦးအောင်ဇော်မြင့်၏ ဧက(၁၀၀) မိုးစပါးစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာတောင်သူများက သက်မှတ်စံကွက်ဖြင့် ရိတ်သိမ်းခြွေလှေ့ချိန်တွယ်ကြရာ မိုးစပါးအစို တစ်ဧက အထွက်နှုန်း(၉၅.၈)တင်းထွက်ရှိပြီး မိုးစပါးအခြောက်အနေဖြင့် တစ်ဧက(၈၅)တင်းခန့် ထွက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် မိုးစပါးလျာထားဧက(၂၆၁၁၆)ဧက လျာထားခဲ့ရာ (၂၆၁၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကာ အထွက်နှုန်းတိုးမိုးစပါးများရရှိနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူများအား အထွက်နှုန်းတိုးသီးနှံများရရှိစေရေး နည်းပညာများဖြန့်ဝေပေးခြင်း၊ ပိုးမွှားရောဂါကင်းစင်ရေး၊ သဘာဝမြေသြဇာများ လက်တွေ့အသုံးပြုနိုင်ရေး သင်တန်းများလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)