မိုင်းယု ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အမှတ်(၁၀၀၈)နယ်ခြားစောင့်တပ်ရင်း၏ တပ်မှူးဖလား ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အလွတ်တန်းပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို မွန်းလွဲ ၂ နာရီကျော်ခန့်က ကျင်းပခဲ့ရာ သုံးပွဲနိုင်တစ်ပွဲရှုံးဖြင့် ဦးကျော်စွာခိုင်အသင်းက ပထမဆု၊ ဦးရာဒဲ့အသင်းက ဒုတိယဆုနှင့် ဦးဝေယံအသင်းက တတိယဆုတို့ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပြီးနောက် ဖူဆယ်အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုဆက်လက်ကျင်းပကြရာ သုံးဂိုးသုညဖြင့် အမှတ်(၁၀၀၈)နယ်ခြား(က)အသင်း ပထမ၊ ဟိုခိုအသင်းက ဒုတိယနှင့် အ.ထက(က)အသင်းက တတိယဆုတို့ကိုလည်းကောင်း အသီးအသီးရရှိခဲ့ကြသည်။
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ အမှတ်(၂၂၆)ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်မှူး ဗိုလ်မှူး လုတ်ချာနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းနှင့် ဌာနဆိုင်ရာများ၊ ဒေသခံမိသားစုဝင်များက တက်ရောက်ကာအားပေးခဲ့ကြပြီး တာဝန်ရှိသူများက ဆုရအသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင် သိရသည်။
ကိုကိုနိုင်