ပေါက်ခေါင်းမြို့၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပေါက်ခေါင်း ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာထိန်လင်းရေးသားထားသည့် “ခေါင်းဆောင်ကောင်းတို့၏ စီမံခန့်ခွဲမှုအတတ်ပညာ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး၊  စာရေးဆရာထိန်လင်း ရေးသားထားသည့် “ခေါင်းဆောင်ကောင်းတို့၏စီမံခန့်ခွဲမှုအတတ်ပညာ” စာအုပ်မှ ကောင်းမွန်သောခေါင်းဆောင်မှုဟူသည်၊ ခေါင်းဆောင်တစ်ဦး၏ တာဝန်ယူမှုတာဝန်ခံမှုဆိုတာဘာလဲ၊ သင်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာအောင် ဘယ်လိုသင်ယူမှုပြုမည်နည်း စသည့်ခေါင်းစဉ်ခွဲပါ အကြောင်းအရာများကို မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်၊ Book Club အဖွဲ့ဝင် ဦးစိုးနိုင်၊ အဖွဲ့ဝင်ဦးကျော်ကျော်ထွန်း၊ Youth Club အဖွဲ့ဝင် မောင်သူရဝေအောင်၊ မောင်ချမ်းမြေ့အောင်တို့က အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ၊ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) နှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)