ဗိုလ်တထောင် ဒီဇင်ဘာ ၁၁
ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဒီဇင်ဘာ ၉ နံနက် ၁၀ နာရီအချိန်က စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးအောင်မိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ပြောကြားခြင်း၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝေလင်းက မိမိတို့ရပ်ကွက်စာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက်များ စနစ်တကျဖြစ်အောင် စာဖတ်ရှိန်မြင့်မားလာအောင်၊ စာကြည့်တိုက်များပြန်လည်ရှင်သန်လာအောင် ယခုလို စာကြည့်တိုက်ပညာသင်တန်း ဖွင့်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် မိမိတို့ကော်မတီအဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် သင်တန်းကို လက်ထောက်ညွန်ကြားရေးမှူး ဒေါ်လှလှနွယ်၊ တာမွေမြို့နယ် ဦးစီးအရာရှိ ဒေါ်မိုးမိုးအောင်နှင့် ဗိုလ်တထောင်မြို့နယ် ဦးစီးအရာရှိတို့က သင်ခန်းစာများဆက်လက်ပို့ချခဲ့ကြပြီး သင်တန်းကာလမှ ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ၃ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခင်ဝင်း (ပြန်/ဆက်)