မြောင်းမြ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောင်းမြမြို့နယ်အသင်းစု၏ ဆောင်းနေကြာစံပြစိုက်ခင်းမျိုးစေ့ချပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် (၉) နာရီ အချိန်က ကွယ်လွယ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကွင်းအမှတ် ၂၀၆ (က) ဦးပိုင်အမှတ် ၇၀/၁ ၌ ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့ချခြင်းအား မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စုဒါရိုက်တာအဖွဲ့များ၊ သမဝါယမဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)