ပခုက္ကူ ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့်ဝန်ထမ်းများက လွတ်လပ်ရေးနေ့ဖြစ်ပေါက်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေး၏အနှစ်သာရများ၊ လွတ်လပ်ရေးနေ့အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ နှစ်အလိုက်သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်ဦးတည်ချက်များ၊ လွတ်လပ်ရေးရရှိပိုင်ဆိုင်နိုင်ရေး နိုင်ငံခေါင်းဆောင်များ၏ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်မိန့်ခွန်းများဆိုင်ရာ ရုပ်ပြ၊ကာတွန်း၊ဆောင်းပါး နှင့်ကဗျာများပါဝင်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးနံရံကပ်စာစောင်များကို စနစ်တကျပြသကြရာ ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)