မင်းဘူး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ အိမ်ထောင်စု (၅) စုအတွက် ယင်လုံအိမ်သာ (၅) လုံးစာနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် ၂ ဦးဇင်မင်းနိုင်က ကူးစက်ရောဂါများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်များအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်စုစုထွေးက ကိုယ်ဝန်ဆောင်မိခင်များ၏ မျိုးဆက်ပွားခြင်း၊ ကျန်းမာရေးနှင့်အာဟာရဖြစ်အောင် စားသောက်နည်းများကိုလည်းကောင်း၊ တိုင်းရင်းဆေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုဝင်းက မိးဖိုချောင်ဆေးဖက်ဝင်အပင်များအကြောင်း သိကောင်းစရာများနှင့် ပညာရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးထွန်းဝေက ကျောင်းပြင်ပ ပညာရေးနှင့် ရပ်ရွာပညာရေး အကြောင်းအရာများကို အသိပညာပေးဆွေးနွေးပြောကြညားခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)